Sunday, January 29, 2012

အချို့...(မလေးရှားအထင်ကရနေရာအချို့၊ ဘလော့ဂါအချို့နှင့် လက်ဆောင်အချို့...)

ကွာလာလမ်ပူမြို့နဲ့ ခပ်လှမ်းလှမ်း တောင်စောင်းတစ်ခုပေါ်မှာ ကိန်းဝပ်စံပယ်တဲ့ ဗုဒ္ဓရုပ်ပွားတော်ကို သွားရောက်ဖူးမျှော်ခြင်း...

တောင်ပေါ်အနည်းငယ်တက်ပြီး ရိုက်ထားတဲ့ပုံ...

စေတီအတွင်းရှိ ကိန်းဝပ်စံပယ်တော်မူတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်...

တနင်္ဂနွေနေ့များတွင် ရွှေမြန်မာအလုပ်သမားနဲ့ စည်ကားလျက်ရှိ...ဘုရားလာဖူးကြခြင်း၊ သန့်ရှင်းရေး လာလုပ်ကြခြင်း...(တရုတ်လူမျိုးအနည်းငယ်နှင့် အိန္ဒိယလူမျိုးအနည်းငယ်လည်း ဘုရားလာရောက်ဖူးမျှော်လျက်ရှိ...)


နေမင်းကြီးက အလွန်ပူတဲ့ အချိန်ဖြစ်တော့ ခုလိုပဲ မြင်နေရပါတယ်...နောက်က လျောင်းတော်မူရုပ်ပွားတော်ပါ...(ကင်မရာမကောင်းလို့ ဖြစ်တယ်လို့လည်း ဆိုချင်ဆိုပေါ့လေ...နေပူတာကြောင့် မဟုတ်ဘဲနဲ့...)

အာဇာနည်သစ်ပင်ကြီးလား မသိ...တစ်ဦးတစ်ယောက်တည်း ထိုးတက်လာတယ်...

တောင်စောင်း...



ပူထရာဂျာယားမြို့သစ်ကို သွားရောက်လေ့လာခြင်း...

ပူထရားဂျာယားမြို့သစ်မှာ ရုံးတွေ၊ ၀န်ထမ်းတွေပဲ ရှိပြီး သန့်သန့်ရှင်းရှင်း သန့်သန့်ပြန့်ပြန့်နဲ့ တည်ရှိနေပါတယ်...တနင်္ဂနွေအားလပ်ရက်မှာ လာရောက်လေ့လာ၊ အပန်းဖြေကြတယ်...

ရောက်တုန်းရောက်ခိုက် ဓာတ်ပုံလေးတော့ ရိုက်ထားဦးမှ...






 စိမ်းလဲ့ကြည်ပြာ ရေကန်သာ...




  ဘယ်ဘက်လက်ပေါ်က ကင်မရာကြိုးနော်...တခြားကြိုးမဟုတ်ရပါ...







အစိမ်းရောင်လွင်ပြင် သစ်ပင်အချွန်လေးတွေနဲ့ လှလို့ပလို့...

သူကတော့ ဘယ်သူဖြစ်မယ် ထင်လည်း...သူက ကဗျာဆရာ ဒကာတော် နွေတေးရှင်(မင်းဧရာ)ပဲ ဖြစ်ပါတယ်...ဘုန်းဘုန်းက စမုန်ညင်းဘုရားနဲ့ ပူထရားဂျာယားကို သွားချင်တဲ့ဆန္ဒဟာ မှိုတက်ခါနီးနေပါပြီ...ကိစ္စများမြောင် လူတို့ဘောင်လို့ ပြောကြတယ်မလား...ဒကာတော်တွေကို ဘယ်ပြောထွက်၊ ဘယ်ပြောရက်ပါ့မလည်းလေ...သို့ပေသိ ဒကာတော် နွေတေးရှင်က ဖုန်းဆက်လာတယ်...တနင်္ဂနွေနေ့အားတယ်...ဘယ်ကို လိုက်ပို့ပေးရမလည်းတဲ့...ဟာ ဒါဆိုရင် လမ်းသွားရင်းနဲ့မောဟိုက်ပြီး...ရေဆာနေတဲ့အချိန်လေးမှာ...သန့်ရှင်းကြည်လင် ချိုမြိန်အေးမြတဲ့ ရေကန်တစ်ခု ကိုယ့်ရှေ့မှာ ဘွားခနဲ ပေါ်လာသလိုပါပဲလား...

ဟော သည်နေရာကိုတော့ Batu Caves လို့ ခေါ်ပါတယ်...သည်နေရာကိုတော့ ကျောင်းထိုင်ဆရာတော် ဘုန်းဘုန်းဦးကောလေးက တရုတ်နှစ်သစ်ကူးမှာ ဒုလ္လဘဘုန်းဘုန်းတွေကို လိုက်ပို့ရင်းနဲ့ လိုက်သွားခဲ့တယ်...
 ခု မြင်နေရတဲ့ လှေကားပေါ် တက်ရပါမယ်...

 ဒုလ္လဘဘုန်းဘုန်းများကိုတော့ ဟောဒီ ဘတ်စ်ကား အ၀ါရောင်နဲ့ သယ်ဆောင်ခဲ့ပါတယ်...

အပေါ်ကို အနည်းငယ်တက်ပြီးနော် နောက်ပြန်လှည့်တုန်းခဏ ရိုက်လိုက်တယ်...



 ကင်မရာကို သတိပြုရပါမယ်...ဓားပြတွေ စောင့်နေကြတယ်...

အတွင်းထဲ ၀င်ခါနီး နောက်လှည့်ကြည့်တော့ ဟော ဒီလို မြင်ရတယ်...

  အတွင်းပိုင်းထဲ ရောက်ပါပြီ...





ဒုလ္လဘဘုန်းဘုန်းတွေနဲ့အတူ အမှတ်တရ (ရိုက်နေတုန်းမှာ မလေးသူတွေ၊ အင်ဒိုနီးရှားသူတွေလည်း အမှတ်တရဆိုပြီး ကမူးရှူးတိုး ၀င်လာကြတယ်...)



ဘလော့ဂါ နေဇော်လင်းနဲ့ ကဗျာဆရာဥတ်ကြီး (ဥတ်လေးမဟုတ်ဘူးနော်…ဥတ်ကြီး)

ဒကာတော် နွေတေးရှင် (မင်းဧရာ)

ရန်ကုန်မြို့ ကျေးဇူးရှင်တွေ...ရန်ကုန်စရောက်တော့ ဗမာစကားလည်း တတ်သေးဘူးဗျ...ဆွမ်းခံအိမ်တစ်အိမ်က ဒကာမကြီးတစ်ယောက်က သူ့ကို မယ်တော်လို့ ခေါ်ပါတယ်တဲ့...အဲဒီတုန်းက မယ်တော်ဆိုတာ ဘာကို ခေါ်မှန်းလည်း သိဘူး...ရေစက်ဆုံပုံပြောပါတယ်...ဆွေမတော်မျိုးမစပ်နော်...ရှမ်းပြည်နဲ့ရန်ကုန် အဝေးကြီးရယ်...သူ့အကြောင်းလည်း ကိုယ်မသိသေး...ကိုယ့်အကြောင်းလည်း သူတို့မသိသေး...မယ်တော်ခေါ်ဆိုတော့ ခေါ်လိုက်တာပဲ...ဒကာကြီးကိုတော့ ပါပါကြီးလို့ ခေါ်တယ်...

ဒါကတော့ မမရဲ့မွေးနေ့ အမှတ်တရ...

 ၂၀၀၈-စ အကူးမှာ သီဟိုဠ်ကို ကြွဖို့ သူတို့တွေ လိုက်ပို့ကြတယ်...(ကျန်တဲ့ကျေးဇူးရှင်တွေ ရှိသေးတယ်...ဓာတ်ပုံအဆင်မပြေလို့...မတင်ရတာ)

လက်ဆောင်ဘာဝယ်ရမှာလည်းလို့ စဉ်းစားတဲ့အခါမှာ ချောကလက်ကို မျက်စိထဲ ဖျတ်ခနဲပေါ်လာတယ်...ဆရာသမားဘုန်းဘုန်းများနှင့် သူငယ်ချင်းဘုန်းဘုန်းများကိုတော့ ချောကလက်နဲ့ ကန်တော့၊ ချောကလက်ကို လက်ဆောင်ပေးချင်ပါတယ်...





ဒကာလေး၊ ဒကာကြီးတွေအတွက်တော့ ဘာလက်ဆောင်ပေးရမှန်း မသိဘူး...ဒါနဲ့ ကမ္ဘောဒီးယားသွားတုန်းက ၀ယ်ထားတဲ့ အင်္ကျီတွေကိုပဲ ပေးချင်ပါတယ်...

 
ဟိုတစ်နေ့က စုန်ဂိုင်းဝမ်း စူပါမားကဲတ်မှာ သွားဝယ်လိုက်တယ်။ ပထမတော့ ပါကစ္စတန်ဆိုင်လား၊ အိန္ဒိယဆိုင်လား မသိဘူး။ ပစ္စည်းကို ၁၈၀-တန်ကို ငါးဆယ်အထိ လျှော့ပေးတယ်။ ဒါဆိုရင် မမှန်တော့ဘူးထင်တယ်ဆိုပြီး နောက်တစ်ဆိုင်ကို သွားလိုက်တယ်။ အဲဒီဆိုင်က တရုတ်မ။ တရုတ်မဆိုင်က မဆိုးဘူး။ ဈေးမှန်တယ်။ ဒါပေမယ့် လိုချင်တာ အစုံမရဘူး ဖြစ်နေတယ်။ အဲဒါနဲ့ နောက်တစ်ဆိုင်ကိုသွားတော့ မြန်မာအလုပ်သမားရောင်းတဲ့ဆိုင် ဖြစ်နေတယ်။ အဆင်ကို ပြေလို့။ ပစ္စည်းကောင်းတဲ့အကြောင်းကို သူက ဘယ်လိုသက်သေပြလည်းဆိုတော့ တစ်ခါတုန်းက ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင်လည်း အဲဒီမှာ လာဝယ်ဖူးတယ်ဆိုပဲ။ သူ တကယ်သဘောကောင်းတယ်။ ချောကလက်ဝယ်ချင်တယ်ပြောတော့ သူကပဲ ချောကလက်မျိုးစုံရှိတဲ့ အထပ်ကို ခေါ်သွားပြီး ၀ယ်ပေးတယ်။ ချောကလက်တွေများပြီး ဘယ်ဟာကို ယူရမှန်း ဆုံးဖြတ်ရခက်ပြန်တာနဲ့ သူက သည်လိုပြောတယ်။ သူ့အိမ်သူသက်ထားက သည်ပုလင်းနဲ့ချောကလက်ကို ထမင်းစားသလိုမျိုး စားတဲ့အကြောင်း ပြောပြတော့ ဘုန်းဘုန်းလည်း အဲဒီအမျိုးအစားပဲ ၀ယ်လိုက်ပါတယ်။

ဒကာမလေး၊ ဒကာမကြီးတွေ အတွက်တော့ ပေါထှာ...လှလှပပလေးလည်း မရွေးတတ်တာနဲ့ လှတယ်လို့ ထင်တဲ့ ပိုက်ဆံအိတ်တွေကို ၀ယ်လိုက်မိတယ်...သားရေစစ်စစ်ကို မ၀ယ်နိုင်တာနဲ့ သားရေနဲ့ ဘာနဲ့လည်း မသိဘူး...ရောထားတဲ့ အိတ်ကိုပဲ ၀ယ်ဖြစ်လိုက်တယ်...


ကိုရင်နဲ့ မဒိုးကန်တို့ရောက်ရှိလာခြင်း

ဟိုးရှေးရှေးတုန်းက ဘုရားရှင်တော်လက်ထက်တုန်းကပေါ့။ ဘဂ္ဂတိုင်း၊ သုသုမာရဂိရ မြို့မှာနေ ထိုင်ကြတဲ့ တစ်ဦးကိုတစ်ဦး အရမ်းလည်းချစ်ကြ၊ မြတ်နိုးကြ၊ မေတ္တာထားကြ၊ အပြန်အလှန် နားလည်ကြ၊ တစ်ယောက်ကိုတစ်ယောက်က ကိုယ်နဲ့ပြစ်မှားဖို့ နေနေသာသာ စိတ်နဲ့တောင် မပြစ်မှားခဲ့ဖူးဘူးဆိုတဲ့ နကုလပိတာနှင့် နကုလမာတာလို့ခေါ်တဲ့ ဇနီးမောင်နှံတို့ ရှိခဲ့ဖူးတယ်။

တစ်ရက်မှာတော့ ဗုဒ္ဓမြတ်စွာကို သည်ဘ၀လည်း အရမ်းကို ချစ်ကြတဲ့အကြောင်း၊ ဘ၀ဆက် တိုင်းဆက်တိုင်းမှာလည်း ပြန်လည်ဆုံတွေ့လိုတယ်၊ ရေစက်ဆုံလိုတယ်ဆိုတဲ့အကြောင်း အဲဒီလိုဖြစ်ဖို့ ဘယ်တရားကိုများ လိုက်နာဆောင်ရွက်သင့်ပါသလဲလို့ မေးလျှောက်ကြတယ်။

ဗုဒ္ဓက-
၁။ တူမျှသော သဒ္ဓါတရားရှိရမယ်၊
(သဒ္ဓါဆိုတာက ယုံကြည်မှု၊ ဘာကိုယုံရမှာလည်း ရတနာသုံးပါးနဲ့ ကံ၊ ဤကားကုသိုလ်၊ ဤကား အကုသိုလ်ဆိုပြီး ကုသိုလ်၊ အကုသိုလ်တို့ကို ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြား ဟောတော်မူခဲ့တဲ့ မြတ်ဗုဒ္ဓအပေါ် ယုံကြည်ရမယ်။

ပြီးတော့ “လာပါ၊ ရှုပါ၊ ကျင့်ကြံပါ”ဆိုပြီး ရဲရဲဝံ့ဝံ့စိန်ခေါ်ရဲတဲ့ တရားတော်ကို ယုံကြည်မှုရှိရမယ်။ ဥပမာ ပြောပြမယ်နော်။ ဆရာကြီးဦးဘခင်ရဲ့တပည့် ဆရာကြီးဦးဂိုအင်ကာဆိုတာ ရှိတယ်။ သူ့တရားရိပ်သာတွေမှာ ဗုဒ္ဓရုပ်ပွားတော်ကို မထားထားဘူး။ ဘာကြောင့်လည်းဆိုတော့ ရုပ်တုကိုးကွယ်မှုဝါဒကို အလွန်မုန်းတီးတဲ့ ဘာသာခြားအယူဝါဒရှိသူတစ်ဦးဦးက လာရောက်လေ့လာ ကျင့်ကြံမှာ မဟုတ်ဘူးဆိုပြီး မထားထားတာ။ ဘာသာမျိုးစုံ လာရောက်လေ့လာကျင့်ကြံနိုင်အောာင် ဆိုတဲ့သဘောပေါ့လေ။ ရုပ်တုကိုးကွယ်မှုကို အလွန် မုန်းတီးတဲ့ ဒါယကာတစ်ဦးက ဆရာကြီးဦးဂိုအင်ကာရဲ့ရိပ်သာမှာ တရားထိုင်ကျင့်ကြံပြီးတော့ တကယ်အေးချမ်းမှုကို ရရှိတဲ့အခါ ဆရာကြီးကို မေးပါတယ်။ ဒါ ဘယ်သူဟောခဲ့တာလည်းပေါ့။ ဗုဒ္ဓဟောခဲ့တာလေလို့ပြောလိုက်တော့ ဘုရားအပေါ် တကယ်ယုံကြည်သွားပြီး မြတ်ဗုဒ္ဓရဲ့ ရုပ်ပွားတော်ကိုလည်း ရှိခိုးဦးချပါတော့တယ်။ အစောတုန်းက ရုပ်တုကိုးကွယ်မှုကို တကယ်မုန်းတီးတဲ့ လူတစ်ယောက်နော်။ ဆိုလိုတာက ရဲရဲဝံ့ဝံ့ စိန်ခေါ်ရဲတယ်ဆို တာကို ပြောချင်တာပါ။ ပြီးတော့ သံဃာဆိုတာ ကောင်းမှု၏ လယ်ယာမျိုးစေ့ဖြစ်တယ်ဆိုပြီး ယုံကြည်ရမယ်။

ကံ၏အကျိုးကို ယုံကြည်ရမယ်။ ကံဆိုတာက အလုပ်ပါပဲ။ ရှေးဘ၀တုန်းကကံ၊ နောက်ဘ၀ကံ ဆိုတဲ့ သံသရာကံတွေကို မကြံစည်နဲ့ဦး။ ကံဆိုတဲ့အရာကို မကြံစည်ကောင်းဘူး၊ ကြံစည်နေလို့ရှိရင် ပင်ပန်းဖို့၊ ရူးသွပ်ဖို့ပဲ ရှိတယ်လို့ အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဆိုထားပါတယ်။ ဒါကြောင့် နေ့စဉ်သံသရာ၊ နေ့စဉ် ကံ(အလုပ်)ကိုပဲ ကောင်းအောင် လုပ်ရမယ်။ )

၂။ တူမျှသော သီလရှိရမယ်၊
(သီလဆိုတာ ကိုယ်ကျင့်တရားပါ။ သီလဆိုတာက စောင့်စည်းနိုင်လေ အကျိုးရှိလေဆိုပေ မယ့် နေ့စဉ် စောင့်ထိန်းဖို့ကြတော့ ပြောသလောက် မလွယ်လှပါဘူး။ ဟိုတစ်နေ့က မင်္ဂလာဆောင်ဆွမ်းကျွေးပွဲတစ်ခု ကြွသွားတယ်။ တရားနာပရိသတ်တွေက အမူးတောင် မပြေကြသေးဘူး။ တရားဟောဆရာတော် တိုင်ပေးတာတစ်မျိုး၊ လိုက်ဆိုတာတစ်မျိုး ဖြစ် ကုန်တော့တယ်။ တကယ်ဆိုရင် အဲဒီအချိန် အမူးပြေသင့်ပြီလေ။ နော်။ မနေနိုင် ရင်တော့ သောက်ပါ၊ သောက်ပါ။ သို့ပေသိ အချိန်အခါကိုလည်း သိ၊ ရန်လည်း မဖြစ်ကြရင် အကောင်းဆုံးပေါ့။ ဟုတ်ဖူးလား။ ဒါကြောင့် သီလကို အဓိဋ္ဌာန်လေးနဲ့ လုပ်စေချင်တယ်။ တစ်ရက်တန်သည်၊ နှစ်ရက်တန်သည် စသည်ပေါ့)

၃။ တူမျှသော စာဂရှိရမယ်၊
(စာဂဆိုတာ စွန့်လွှတ်မှု၊ အလှူပေးတာပါပဲ။ အလှူပေးတယ်ဆိုတာက ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာတင် မဟုတ်ပါဘူး။ တခြားဘာသာတွေလည်း ပေးနေကြ၊ ကမ်းနေကြတာပါပဲ။ Bill Gates တို့ လှူတာများ သြချရလောက်အောင်ပါပဲနော်။ သူတို့က ကုသိုလ်၊ အလှူဆိုပြီး Lable မတပ်တာပဲ ရှိတယ်။ ဘယ်လောက်လှူမယ်ဆိုပြီးတော့ ဇနီးမောင်နှံနှစ်ဦးသား အရင်တိုင်ပင် သင့်တယ်။ နှစ်ဦးသဘောတူပြီးမှ ပေးလှူရင် လှူပြီးတဲ့နောက် စိတ်ချမ်းသာမှုကို ရတာပေါ့)

၎။ တူမျှသော ပညာရှိရမယ်လို့ ဟောတော်မူပါတယ်။
(လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး စသည့်အရေးပေါင်းများစွာ ဒါကတော့ သည်လို ဖြစ်သင့် တယ်။ ဟိုက ဟိုလို ဖြစ်သင့်တယ်ဆိုပြီး နှစ်ဦးသား တိုင်တိုင်ပင်ပင်၊ ညှိညှိနှိုင်းနှိုင်းရှိပြီး အကျိုးအကြောင်း၊ အဆိုးအကောင်းကို နှစ်ဦးလုံး နားလည်ထားရမယ်)

ကဲ ခုဘ၀ရော၊ နောက်ဘ၀ပါဆုံချင်ရင် သည်လေးပါးနဲ့ ပြည့်စုံရမယ်တဲ့နော်။ ဘာဖြစ်လို့ ဒါကို ပြောပြရတာလည်းဆိုတော့ ဟိုတစ်နေ့က ကိုရင်နဲ့မဒိုးကန်တို့လာတော့ သူတို့နှစ်ယောက် ရဲ့ အပြုအမူကို ခန့်မှန်းပြီး ပြောရခြင်းဖြစ်ပါတယ်။ 

မဒိုးကန်တို့ မလာခင်တုန်းက ဖုန်းဆက်တော့ ဘုန်းဘုန်းဘာဘုဉ်းပေးချင်လည်း KFC လား ပီဇာလားဆိုတော့ ပီဇာဘုဉ်းပေးမယ်ဆိုပြီး ပြောမိလိုက်တယ်။ နောက်နေ့ တကယ်လာတော့ ပီဇာဆိုင်က ၁၁-နာရီလောက်မှ စ-ဖွင့်တယ်။ ဘုန်းဘုန်းတို့ဘုဉ်းပေးတာက ၁၁-ခွဲဆိုတော့ မမှီတော့ဘူး။ အဲဒါနဲ့ အဆင်ပြေရာ KFC ပဲ ၀ယ်လာလိုက်တယ်။ မဒိုးကန်က ပီဇာမကပ်လိုက်ရလို့ စိတ်ထဲမှာ တစ်မျိုးလေး ခံစားနေရတယ် ထင်တယ်။ အဲဒါ ဟုတ်တယ်ဗျ။ 

ဘုန်းဘုန်းလည်း မနှစ်က ဒီဇင်ဘာလ ရွှေပြည်ကြီးကနေ အိန္ဒိယကို မလာခင်တစ်ပတ် အလိုလောက်မှာ နာရေးကူညီမှုအသင်း ဦးကျော်သူကို တစ်သိန်းလှူဖို့ စေတနာပေါ်လာတယ်။ အချိန်လုနေရတာ အချိန်မရှိတော့တာနဲ့ မလှူလိုက်ရဘူး။ ခုထိပဲ အကြွေးတင်နေသလိုမျိုးကြီး ခံစားရတယ်ဗျာ။ သည်တစ်ခါပြန်ရင်တော့ သွားလှူဖြစ်အောင် သွားလှူဦးမယ်။

မဒိုးကန် ထမင်းစားတာလည်း ဘုန်းဘုန်းနဲ့ နင်လားငါလားပဲ။ သိလား။ ကျောင်းမှာ ထမင်းစားတော့ သုံးပန်းကန်ကုန်တယ်တဲ့။ သူက ဂဏန်းကို အရမ်းကြိုက်တယ်ဆိုပဲ။ အဲဒီလိုမှန်း သိရင် ကျောင်းသားကို သွားဝယ်ခိုင်းထားပါတယ်။ နောက် ကြုံမှပဲ ကျွေးမယ်နော်။ 

ဒိုးကန်တို့နှင့် ဓာတ်ပုံရိုက်မလို့ပါဆို ဘက်ထရီက ဒေါင်းနေရော... 

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ...(သည်ညနေ ရွှေပြည်ပြန်ရောက်ပြီ...အွန်လိုင်းမတက်ဖြစ်၊ ဘလော့မလည်ဖြစ်ရင် မမေ့ကြေးနော်...)
 

Thursday, January 26, 2012

ကူးခတ်၊ ပျံသန်းနေဆဲ ရနံ့တစ်ခုဆီသို့…


ပုံကို ဒကာလေး ကိုမိုးယံဆိုဒ်မှ ကူးယူဖော်ပြပါသည်...

ထိုနေ့ ရာသီဥတု ဟက်ဟက်ပက်ပက် ပြုံးနေသည်။ ထိုအပြုံးသည် လှောင်ပြုံးမဟုတ်သလို မချိပြုံးလေးလည်း မဟုတ်ပြန်။ “သည်ဘုန်းဘုန်းကို မြင်ဖူးသလိုပဲ”ဟု သူ့စိတ်ထဲက ထင်မှတ်လျက် အသက် ၂၃-၀န်းကျင်ခန့်ရှိပြီး ခပ်တိုတိုဆံပင်တွေက ရွှေရောင်အနည်းငယ် သန်းကာ မိုးပေါ်သို့ ထောင်တက်လျက်ရှိသော လူငယ်လေးတစ်ယောက် ကွာလာလမ်ပူမြို့ရှိ ကားမှတ်တိုင်တစ်ခုတွင် ထိုင်နေသည်။

-သူ့အားလပ်ရက်ဖြစ်သောကြောင့် အနက်ရောင် ကျောပိုးအိတ်တစ်လုံးကိုလွယ်ပြီး အပန်းဖြေ စရာ နေရာတစ်ခုခုသို့ သွားရန် ဘတ်စ်ကားစောင့်ဆိုင်းနေခြင်း ဖြစ်သည်။ အုဌ်ခဲရောင်သင်္ကန်း ၀တ်ထားသော ဘုန်းဘုန်းတစ်ပါးလည်း ထိုကားမှတ်တိုင်တွင် စီးရမည့် ဘတ်စ်ကားကို မျှော်နေ သည်။ သူဘယ်မှာ မြင်ဖူးသနည်းဟု အတွေးအိမ်ဖွဲ့နေမိသည်။ အတွေးပင်လယ်ကူးခတ်နေစဉ် “အော်…ဟုတ်ပြီ”ဟု သူတစ်ထစ်ချ ဆုံးဖြတ်လိုက်သည်။

သူသည် မြန်မာဘလော့များတွင် စာဖတ်ပရိသတ်တစ်ဦးဖြစ်သည်။

Saturday, January 21, 2012

မလေးရှားက ဘလော့ဂါများနဲ့ ဆုံတွေ့ခြင်း...


သည်လ ၁၀-ရက်နေ့ အဲယားအေရှလိုင်းနဲ့ အိန္ဒိယနိုင်ငံ၊ ချယ်နိုင်းမြို့ကနေ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်ကြီးသို့ ပျံသန်းထွက်ခွါလာခဲ့ပါတယ်။ အိပ်ယာထတာ နည်းနည်းနောက် ကျသွားလို့ ပစ္စည်းပစ္စယတွေ သိမ်းဆည်းနေတာနဲ့ ကော်ဖီလေးဘာလေး သောက်ဖို့တောင် အချိန်မရလိုက်ဘူး။ ကော်ဖီတင် ဘယ်ကပါ့မလည်း လေယာဉ်ပေါ်ရောက်ရင် စားဖို့၊ သောက်ဖို့ လည်း သယ်ခဲ့ဖို့ မေ့သွားတယ်။ လေယာဉ်စီးပါမယ်ဆိုမှ သယ်ခဲ့ရမယ်ဆိုတော့ ရယ်စရာ များ ဖြစ်သွားပြီလား မသိဘူး။ အဲယားအာရှက တခြားလေယာဉ်နဲ့ မတူပါ။ 

တခြားလေယာဉ်မှာတော့ စားဖို့သောက်ဖို့ လက်မှတ်ဝယ်ကတည်းက ပေးလိုက်ရပြီး လေ ယာဉ်ပေါ်မှာ သူတို့ကျွေးတာ စားရတယ်။ အဲယားအေရှမှာ လက်မှတ်ဖြတ်တုန်းကတည်းက ဘာစားမယ်ဆိုပြီး တစ်ခါတည်းဝယ်ထားရင်ဝယ်ထား၊ မ၀ယ်ထားလို့ကတော့ လေယာဉ်ပေါ် မှာတော့ ယောင်ပြီးတော့ ရေတောင်လာမတိုက်ဘူးမှတ်။ ဒါပေမယ့် စားစရာ၊

Thursday, January 19, 2012

ခွက်ထိုးခွက်လန် ရယ်လိုသူများအတွက်...


စိတ်ညစ်မခံကြပါနဲ့ သူ့လို ရယ်ပစ်လိုက်

ကိုရင်ရယ်...စိတ်ညစ်မနေပါနဲ့ ဘုန်းဘုန်းတောက်ဆီကိုသွား (မဒမ်ကိုးက ကိုရင့်ကို ပြောလိုက်သည်)


သမီးလည်း အားရပါးရ ရယ်လိုက်ပါတယ်ရှင့်...
(ပုံအားလုံး Google က...)

................................................
မှတ်မိလို့ပါကွာ

စာသင်တိုက်တစ်တိုက်မှာ မှတ်ဉာဏ်အားနည်းတဲ့ တိုင်းရင်းသား ကိုရင်ကြီးတစ်ပါးက သူနဲ့ အလွန်ခင်မင်ရင်းနှီးပြီး စာပေတတ်ကျွမ်းတဲ့ စာချဘုန်းကြီးတစ်ပါးကို သည်လို…

“မင်းတို့ ဗမာတွေ စာတတ်တယ်၊ တတ်တယ်ဆိုတာ မှတ်မိလို့ပါကွာ”ဟူ၍။ (ကြားဖူး…)

................................................

တောသား၊ တောင်သူတို့အတွေး

ရွာတစ်ရွာမှာ နိုင်ငံရပ်ခြားတိုင်းတစ်ပါးက ပြန်လာတဲ့ ဘုန်းကြီးတစ်ပါးက သူ့ရွာက ဆွေမျိုးတွေ နဲ့ အလ္လာပသလ္လာပပြောရင်း လေယာဉ်စီးရပုံအကြောင်း ရောက်သွားပါတယ်။ အဒေါ် တစ်ယောက်က သူ့တူ ဦးပဇင်းလေးကို…

“ဦးဇင်းလေး လေယာဉ်စီးတဲ့အချိန်မှာ ကုဋီတက်ချင်ရင် (ရွှေအီးပါချင်ရင်) ဘယ်လိုလုပ်ရတာ တုန်းဘုရား”

“ပါပစ်လိုက်တာပေါ့”

Saturday, January 7, 2012

လမ်းပေါ်က ဆူးခလုတ်များ နှင့် တောင်ကြီးဧည့်သည်

ဟိုတစ်နေ့က သူ့ကျောင်းသားတွေ အပေါ် အရမ်းသံယောဇဉ်ကြီးမားပြီး ပညာတတ်တွေ ဖြစ်စေချင်တယ်ဆိုတဲ့ ဆရာကိုဟန်ကြည်နဲ့ Gtalk မှာ ပြောဖြစ်ပါတယ်။ ဆရာကိုဟန်ကြည်က “ဘုန်းဘုန်းတောက် အလုပ်တွေ သိပ်ရှုပ်နေလား၊ စာမရေးတာ ကြာပြီနော်”တဲ့။ ဘုန်းဘုန်းလည်း “အားတော့အားပါတယ်၊ ရေးစရာအကြောင်းတွေ မပေါ်သေးလို့ပါ”လို့ ပြောတော့ သူက “ပညာပေးထက် ကိုယ်တွေ့တွေ ရေးပါလား ဘုရား”ဆိုပြီး တိုက်တွန်းနှိုးဆော်တာနဲ့ သည်စာကို ရေးရခြင်း ဖြစ်ပါတယ်။ အတွေ့အကြုံကို ရေးထားတာမို့ စာဖတ်ချစ်သူတွေအတွက် ဘာတစ်ခုမှ မကျန်ရစ်ခဲ့ ဘူးဆိုရင်ဖြင့် ဘုန်းဘုန်းအနေဖြင့် ကြိုတင်တောင်းပန်အပ်ပါတယ်။

နိုင်ငံရပ်ခြားတိုင်းတစ်ပါးသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိသွားကြပေမယ့် သူတစ်ပါးတိုင်းပြည်၊ သူများနေရာဒေသတွေဆိုတာ ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်ဒေသလောက်တော့ စိတ်ချမ်းသာမှုအပြည့် ရနိုင်မယ် မထင်ပါဘူးနော်။ သူများအိမ် မှာ နေနေရသလိုပါပဲ။ ဘာလုပ်လုပ် သူများမျက်နှာကို အရင်ကြည့်ရသေးတယ်။ ကျီးကန်းအစာစားသလိုမျိုး လုပ်နေရပါတယ်။

ရုပ်ပိုင်းဆိုင်ရာ တိုးတက်မြင့်မားတဲ့ စင်္ကာပူနိုင်ငံ၊ အင်္ဂလန်နိုင်ငံ၊ အမေရိကန်နိုင်ငံတို့နှင့် စာရင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေ အတော်လေး အောက်ကျနေသေးတဲ့ အိန္ဒိယနိုင်ငံစသည့်နိုင်ငံတွေမှာတော့ ပိုပြီး ကြမ်းတမ်းမယ်ထင်ပါတယ်။ ဒါကြောင့် ဘုန်းဘုန်းတစ်ပါးက ပြောတယ်။ အိန္ဒိယကိုလာရင် ကျောင်းဂျွိုင်းဖို့က သက်သက်၊ သူတို့ညစ်ခံဖို့က သက်သက်ဆိုပြီး ၀တ္ထုငွေနှစ်မျိုး

Saturday, December 31, 2011

တမီးနာဒူးပြည်နယ်အတွင်း လာရောက်လည်ပတ်တဲ့ မုန်တိုင်း...

သတင်းစာထဲက ပြန်ရိုက်ထားတာ...

The Hindu သတင်းစာထဲက အဲဒီလို ပါတယ်...

အားလုံး Happy New Year! ပါ...

ဘုန်းဘုန်းတို့နေတဲ့ချယ်နိုင်းမြို့ကိုတော့ လာရောက်လည်ပတ်တဲ့မုန်တိုင်းက အကောင် ခပ်သေးသေးပါ။ တန်ဖိုးရှိလှတဲ့ လူတို့ရဲ့အသက်၊ ပစ္စည်းပစ္စယတွေ ကိုတော့ ယူသွားသံမကြားပါဘူး။ နည်းနည်းပါးပါး ညှိုးနွမ်းအောင်တော့ လုပ်သွားမယ်ထင်